ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး ချက်ချင်းလွှတ် သိန်းစိန်အစိုးရ အလိုမရှိ

Saturday, January 28, 2012

မြန်မာနိုင်ငံရဲ့စစ်ကြောရေးစခန်း ကိုယ်တွေ့မှတ်တမ်း "စစ်ကြောရေး"(၃)

ထိုအချိန်က တဆိတ်ရှိရင် ဖေါက်ခွဲရေးသမား ဆိုပြီး ပြည်တွင်းပြန်ဝင်တဲ့ ကျောင်းသားတွေကို စွပ်စွဲတယ်။ ကျနော်တို့ဟာ ပြည်သူအတွက် အသက်စွန့်ပြီး လက်နက်မဲ့ အကြမ်းမဖက် တော်လှန်သူခဲ့သူတွေပါ။ ကျနော်တို့တွေချစ်တဲ့ ပြည်သူတွေ အသက်တွေ သေကြေစေမယ့် ဖေါက်ခွဲရေး လုပ်ငန်းတွေကို လုပ်လိမ့်မယ် ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီလို ပြည်သူတွေကြားမှာ ဖေါက်ခွဲရေးလုပ်ဖို့ဆိုတာ သတ်ရဲတဲ့ သတ္တိရှိရပါ့မယ်။ မိဘဆွေမျိုးတွေ သူငယ်ချင်းတွေ မိတ်ဆွေတွေ နေ့စဉ်မြင်တွေ့နေရတဲ့ အပြစ်မဲ့လူတွေကို သတ်ရဲတဲ့ သတ္တိမျိုး ကျနော်တို့မှာ မရှိပါဘူး။

သေရဲတဲ့ သတ္တိတော့ ကျနော်တို့မှာ ရှိပါတယ်။
သေရဲတဲ့သတ္တိကို ကျနော်တို့ပြသခဲ့ပြီးပါပြီ။ ဆက်လက်ပြီးတော့လဲ ပြသနေတုန်းပါပဲ။
သေရဲတဲ့သတ္တိနှင့် တိုက်ပွဲဝင်နေကြသော အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသား အားလုံးကို ရိုသေစွာ ဦးညွှတ်ပါသည်။
သေရဲတဲ့ သတ္တိနှင့် တိုက်ပွဲဝင်ပြီး ကျဆုံးခဲ့ရသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများ၏ ၀ိဥာဉ်ကို ရိုသေစွာ ဦးညွှတ်ပါသည်။


-------
"ဟေ့ကောင် မင်းဘယ်တုန်း စပြီးတော့ ဆူပူမှုတွေကို ပါဝင်ပတ်သက်ခဲ့တာလဲ"
"ရှစ်လေးလုံးတုန်းကပါ" ။  ဖြောင်းခနဲနေအောင် ပါးရိုက်ခံလိုက်ရတယ်။
ဘာကြောင့်ရိုက်လဲ မပြောဘူး။ ကျနော်အထင်တော့ ရှစ်လေးလုံးဆိုတဲ့ ဝေါဟာရ ကို သူတို့ နားဝင်ပီယံ ဖြစ်ပုံမရဘူး။

" မင်းတို့ ဘာရည်ရွယ်ချက်နှင့် တထောင့်ကိုးရာရှစ်ဆယ့်ရှစ်မှာ ဆူပူမူတွေ လုပ်တာလဲ" မေးတော့

ဖတ်ကြည့်ချင်သေးလား....

Wednesday, January 25, 2012

အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့် သံဃာတော်များ သီတင်းသုံးရပုံ - ၂

(ဦးခင်ညွှန့် သာဓုခေါ်စေရန်..)


တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရ ထံ ဦးအံ့မောင် လျောက်ထားချက်

ဦးခင်ညွှန့်က "ကျနော် မသိပါဘူး ဒီကိစ္စကို သူတို့တွေ စီစဉ်ပြီးမှ သိလိုက်ရတာပါ" ဆိုတဲ့ စကားတွေနှင့်တော့ မြန်မာပြည်သူတွေကို မရှင်းလေနဲ့။ ဦးခင်ညွှန် အတွက် နောက်ထပ် အချက်လက်ရှိပါသည်။ သာသနာရေး ညွန်ကြားရေးမှူးချုပ် ဦးအံ့မောင် ကိုယ်တိုင် တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရ ကိုလျှောက်တင်တုန်းက 
"အရှင်ဘုရား လက်မှတ်ထိုးပြီး သပိတ်ကို ပြန်လှန်ပေးတော်မူပါ တပည့်တော်မှာ ရွေးချယ်စရာ လမ်းမရှိတော့ပါဘူးဘုရား။ ဒီကိစ္စကို ဗိုလ်ချုပ်ခင်ညွှန်ကိုယ်တိုင် ကိုင်နေတာ တပည့်တော်အနေနှင့် တာဝန်ပေးလာလို့ အရှင်ဘုရားကို ဖမ်းရတော့ပါမယ် ဘုရား" လို့လျှောက်တော့ တိပိဋကဓရ

ဖတ်ကြည့်ချင်သေးလား....

Sunday, January 22, 2012

အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့် သံဃာတော်များ သီတင်းသုံးရပုံ (ဦးခင်ညွှန့် သာဓုခေါ်စေရန်..)


ဦးခင်ညွှန့်တယောက် နေအိမ်အကျယ်ချုပ်ကနေ လွတ်လာတော့ ၀မ်းသားအားရ ကြိုဆိုသူတွေ ရိုသေလေးစားသူတွေ မြင်တော့၊ မုဒိတာပွါးပါသည်။ ထို့အတူ ကျနော်က  ဦးခင်ညွှန့် သာဓုခေါ်ရအောင်။ ဦးခင်ညွှန့် ပြုပြုသမျှကုသိုလ်တွေထဲ ကျနော်တို့လို မလိမ်မိုး မလိမ်မာလေးတွေ ထောင်ထဲမှာ သိက္ခာတော်ရဆရာတော်တွေ ဖူးမျော်ရလေအောင် ပင့်ဆောင်ပေးထားခဲ့သော ကျေးဇူး ကုသိုလ်။
မုဒိသာလေးပွါးလို့ရအောင် သံယာတော် ဆရာတော်တွေ ဖြတ်သန်းခဲ့တဲ့ ထောင်ချတဲ့အမိန့်ချသည့် စစ်ခုံရုံးနှင့် ထောင်ကျထောင်မှူးရုံးခန်း အဆောင်ထောင်မှူး ရုံးခန်းများကို ကျနော်ဖြတ်ခဲ့တာတွေ ရေးသားပေးလိုက်မည်။ သို့မှသာ ဆရာတော်တွေ သံဃာတော်တွေ ဖြတ်သန်းခဲ့တာကို အများပြည်သူ မျက်စိထဲ မြင်နိုင် တွေးနိုင်ပြီး ဘုရားတကာ ကျောင်းတကာ ဦးခင်ညွှန်၏ ကုသိုလ်အစုစု သဒ္ဓါထု တို့ကို သာဓုခေါ်နိုင်ပေမည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ န၀တ ဆွမ်းကွမ်းအလှူဒါနကို ကံဆောင်တော်မူတဲ့ အရှင်သူတော်မြတ်များကို အကျဉ်းချလိုက်သည့်အတွက်၊ သံဃာတော် အရှင်သူမြတ်များမှာ ထောင်တွင်း ကျပ်တည်းစွာ သီတင်းသုံးရခြင်း၊ ဆွမ်းကွမ်း မပြည့်မစုံဘုန်းရခြင်း၊ ရုပ်ပိုင်း စိတ်ပိုင်း နှိပ်စက်ခံရခြင်းများဖြစ်သော ထောင်ပြောင်းရွှေ့ သီတင်းသုံးရခြင်း၊ ထောင်တွင်းမှာ ပျံလွန်တော်မူခြင်း စသည့် ဦးခင်ညွှန်၏ ကုသိုလ်များကို အမျှဝေပေးပါသည်။
ဦးခင်ညွှန့်နှင့် အတူအားလုံးသော သာဓုခေါ်ဝံ့သူများ သာဓုခေါ်ကြပါလေကုန်...........

နိဒါန်းအနေနှင့် စစ်ခုံရုံးလုပ်ပုံကို ပြောပြမည်

ကျနော်ထောင်ကျတော့ စစ်ခုံရုံးအမှတ်(၁) ဒု-ဗိုလ်မှူးကြီးလှရွှေ(ကြည်း)၊ ဗိုလ်မှူးအောင်ရင်(လေ) ၊ ဗိုလ်မှူးအေးကို(ရေ) တို့က ကျနော့်အမှုကို စီရင်တာဖြစ်သည်။ တရားစီရင်တာလည်း ပွင့်ပွင့်လင်းလင်း မျှမျှတတရှိပါသည်။ ထောင်ဗူးထဲကနေ ကျနော်ရယ်၊ မရင်ရင်(လသာ) ကို လက်နက်ကိုင် စစ်သားအခြံအရံတွေ ခြံရံပြီး ရုံးထုတ်လာပါတယ်။ဒီနောက်မှာတော့ အောက်ပိုင်းတဝက်က အုတ်၊ အပေါ်ပိုင်းက သံဇကာနဲ့ကာထားတဲ့ (၁၀) ပေပတ်လည် အပြာရောင်အဆောက်ဦးထဲမှာ ထည့်ထားလိုက်ပါတယ်။ တရားလိုအဖြစ် အမည်မသိအရပ်ဝတ် အာဏာကြီးသူတဦးနဲ့ ဗဟန်းရဲစခန်းက ရဲအုပ်တဦးရောက်လာပြီးတော့ ကျနော်တို့ကို...." ညီလေးတို့ မင်းတို့ကို စစ်ခုံရုံးက အမိန့်ချမယ်

ဖတ်ကြည့်ချင်သေးလား....

Saturday, January 21, 2012

ABMA ဂျာနယ် အတွဲ( ၃ )၊အမှတ်( ၂ )

ABMA Journal Volume 3 No 2

ဖတ်ကြည့်ချင်သေးလား....

Sunday, January 15, 2012

ဗိုလ်ခင်ညွန့် ကို ခွင့်လွှတ် မြန်ကြသူများ အတွက်

(ဓာတ်ပုံ - မဇ္ဈိမ)
ဦးခင်ညွန့်ကို လွှတ်လိုက် တာဟာ သူတို့ကို လူတွေက ဘယ်လောက် ခွင့်လွှတ်နိုင်လဲ ဆိုတာ စမ်းသပ် ကြည့်တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ပြီးတော့ ဒီလောက် ဆိုးခဲ့တဲ့ လူဟာ ပြန်လည် ထင်ပေါ် လာနိုင်သေးလား ဆိုတာ စမ်းကြည့် တာလဲ ဖြစ်နိုင်တယ်။ သူလုပ်ခဲ့တာ ကောင်းခဲ့တာတွေ ရှိတယ် ဘာဘာ ညာညာ။

မြန်မာပြည် ဒီလောက် ဆိုးရွား သွားခဲ့တဲ့ အဓိက တရားခံ ထဲမှာ သူပါတယ်။ တရားခံ နံပါတ် ၁ ဟာ ဦးနေ၀င်း ဆိုရင် တရားခံ နံပါတ် ၂ ဟာ ဦးခင်ညွန့်ပဲ။ ၈၈ မှာ အတိုက်အခံ တွေဘက်က ကြားဖြတ် အစိုးရဖွဲ့ ဖို့  နှောင့်နှေး ခဲ့ရတဲ့ အခြေအနေမှာ သပိတ် တန်ပြန်ရေး ဖော်ဆောင် သွားတာ သူနဲ့ ထောက်တွေပဲ။ ၈၈ မှာ ခေါင်းဖြတ်ပြ၊ စက်ရုံတွေ ဖောက်ပြ မင်းမဲ့ စရိုက် ဆိုတဲ့ ဘက်ကို လုပ်ပြ သွားတာ သူပဲ။ အဲ့ဒါကြောင့် ဒီနေ့ တချို့ လူငယ်တွေ ၈၈ မှာ တပ်မတော်က ကယ်တင် လိုက်ရတယ် ဆိုတဲ့ ဗိုလ်ချုပ် ခင်ညွန့်ရဲ့ အလှည့်စား ခံလေးတွေ ဖြစ်သွားတာပဲ ဒီနောက်မှာ သပိတ် နှိမ်နှင်းရေး တွေကို လူ မဆန်အောင် ကြူပင်ခုတ် ကြူငုတ် မကျန် လုပ်ခဲ့တာ သူပါပဲ။

ရေကြည်အိုင်လိုမျိုး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်ကြောရေး စခန်းတွေက ငရဲခန်း နှိပ်စက်ခန်း တွေဟာ သူ့ စနက်တွေ ချည်းပါပဲ။ ဆိုင်ကယ် မောင်းခိုင်း တာက အစ သောက်တဲ့ ရေထဲ မာကျူရီ ထည့်ပြီး ဦးနှောက် ပျက်အောင် လုပ်တဲ့ အထိ ဆိုးရွား ခဲ့တာ သူပါပဲ။

ရေကြည်အိုင်ကို ၀င်သွားတဲ့ သူမှန်သမျှ အကောင်းအတိုင်း ပြန်ထွက် လာတယ် ဆိုတာ အလွန် ရှားပါတယ်။ လူမသိ သူမသိ လက်လွန် သွားတဲ့ သူတွေ ဘယ်လောက် ရှိသလဲ ဆိုတာ ရေတွက်လို့ မရပါဘူး။ တကယ်တော့ မြန်မာ တပြည်လုံးကို အကြောက် တရားနဲ့ အုပ်ချုပ်ခဲ့တာ မျိုးကို စစ်ဗိုလ်ချုပ်တွေ မလုပ်တတ်ခဲ့ပါဘူး။ ညအချိန် မတော် အိမ်တံခါး လာခေါက်ပြီး ညီလေး အစ်ကို တို့နဲ့ ခဏ လိုက်ခဲ့ပါလို့ ဘယ်တော့များ အခေါ် ခံရမလဲ ဆိုတဲ့ အကြောက် တရားမျိုးကို လူတွေ စိတ်ထဲ ရိုက်သွင်း ခဲ့တာ ဗိုလ်ချုပ် ခင်ညွန့်ပါ။ နိုင်ငံရေး ဆိုတာ လုပ်တာနဲ့ သချိင်္ုင်း ကုန်းပဲ ပြေး မြင်အောင် လုပ်ထားတာ သူပါ။

စစ်သားတွေဟာ မျက်ကန်း မျိုးချစ်နဲ့ ငါ တကောကော အမှားတွေလုပ် တိုင်းပြည်ကို စစ်တပ်လို အုပ်ချုပ်ဖို့ ကြိုးစားပါတယ်။ တကယ်တော့ စစ်ဗိုလ်ချုပ်တွေ ချည်းပဲဆို စစ်တပ်က ဒီလောက် ဖိနှိပ်ဖို့ မလွယ်ပါဘူး။ ဗိုလ်ချုပ် ခင်ညွန့်လို ပါးပါး နပ်နပ်နဲ့ ကောက်ကျစ်တဲ့ စစ်သား မဟုတ်တဲ့ သူကြောင့်သာ စစ်တပ် သက်ဆိုးရှည် ခဲ့တာပါ။ အာဏာရှင်တွေရဲ့ ကယ်တင်ရှင် ပါပဲ။ ဒါကြောင့် သူဟာ တပ်ထဲမှာ နေရာ ပေးခြင်း ခံခဲ့ရတာပါ။

ဦးနေ၀င်း ဆင်းပြီး သူ့ သြဇာခံတွေလဲ ထည့်မရတဲ့ အဆုံးမှာ ဗိုလ်ခင်ညွန့်ကို နောက်ဆုံး လက်နက် အဖြစ် သုံးခဲ့တာပဲ။ အဲ့ဒီ အချိန်မှာ ဗိုလ်ချုပ် စောမောင်ဆိုတာ ရုပ်သေးပဲ။ နောက်က တကယ် လှုပ်ရှားခဲ့တာ တွင်း ၁ ၊ တွင်း ၂ နဲ့ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ် မျိုးညွန့်တို့ပဲ။ အဲ့ဒီ ၃ ယောက်မှာ စီမံခန့်ခွဲ သူက ဗိုလ်ချုပ် ခင်ညွန့်ပဲ။ ဗိုလ်ချုပ် သန်းရွှေ ကိုလဲ အစက ဟန်ပြ အဖြစ် တင်ခဲ့တာပဲ။ နောက်မှ သူတို့ အပေါ် ရောက်သွားလို့ ခံလိုက်ရတာ။

သေနတ် ရှိမှ နေရာ မြဲတဲ့ စစ်တပ် ထဲမှာ စစ် ကောင်းကောင်း မတိုက်တတ်၊ စစ်တပ် ကျောထောက် နောက်ခံ မရှိတဲ့ ဗိုလ်ခင်ညွန့်ဟာ သူ့ အခြေအနေ မကောင်းဘူး ဆိုတာ သိပါတယ်။ ဒါကြောင့် တိုင်းရင်းသား တော်လှန်ရေး အုပ်စုတွေနဲ့ စစ်ပြေငြိမ်းရေး လုပ်တာကို ဘန်းပြပြီး ဘိန်းမှောင်ခို အဖွဲ့ ၊ လက်နက်ကိုင် သူပုန် အဖွဲ့ တချို့ကို ငြိမ်း အဖွဲ့တွေ အဖြစ် ဖန်တီးပြီး ကျောထောက် နောက်ခံ ရအောင် ကြိုးစား ခဲ့ပါတယ်။ ဒါကြောင့် ကိုးကန့် တို့ဟာ မြန်မာ လူမျိုးထဲတောင် ပါဝင်ခွင့် ရခဲ့ ပါတယ်။ သူ့ ကြောင့် ငြိမ်း အဖွဲ့တွေ သူတလူ ငါတမင်း လုပ်ချင်တိုင်း လုပ်တာကို ခံခဲ့ရပါတယ်။ စစ်တပ် ကျောထောက် နောက်ခံ မရှိတဲ့ သူအဖို့ ဒီလို ရည်ရှည် သွားတာဟာ နောက်ဆုံး သူ ဒုက္ခ ရောက်မယ် ဆိုတာကို သဘောပေါက် လာပါတယ်။

စစ်အစိုးရ အနေနဲ့ ရည်ရှည် သွားတာဟာ မကောင်းဘူးလို့ အစောဆုံး သဘောပေါက် တာလဲ ပါမယ် ထင်ပါတယ်။ ဒါကြောင့် အခု ပုဆိုးဝတ် စစ်သားကြီးတွေ ကပြနေတဲ့ ဇာတ်ကို သူက အရင် ရေးသွားခဲ့တာပါ။ အဲ့ဒီ အချိန်မှာသာ သူ့ကို ပေးက ခဲ့ရင် အခု ပုဆိုး ၀တ်ကြီးတွေကို ဗီလိန် နေရာထားပြီး သူက မင်းသား နေရာကနေ ကမှာကို မြင်ခဲ့လို့ စင်ပေါ်ကနေ ကန်ချ ခံခဲ့ရတာပါ။

တကယ်တော့ ဗိုလ်ချုပ် ခင်ညွန့်ဟာ စစ်သား စစ်စစ် မဟုတ် ပါဘူး။ ရှေ့တန်းတောင် ကောင်းကောင်း ရောက်ဖူးရဲ့လား မပြော တတ်ဘူး။ စစ် တက္ကသိုလ် ဆင်းလဲ မဟုတ် ပါဘူး။ စစ်သားတွေဟာ သေနတ်ကို သုံးပြီး ဉာဏ်နည်းနည်း နဲ့ပဲ လုပ်တတ် ပါတယ်။ သူကတော့ ဉာဏ်ရှိပြီး ကောက်ကျစ်တဲ့ သူပါ။ ကဲ ဘယ်သူဟာ ပို ကြောက်စရာ ကောင်းလဲ စဉ်းစားကြည့်ကြပါ။ သူလို လူမျိုးကို ကျနော်တို့ အာဃာဋ ထားစရာ မလိုဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီ အတွက် အချိန် မရှိလို့ပဲ။ တခြား တိုးတက်ရေး လုပ်စရာတွေ အများကြီး ရှိနေတယ်။ ဒါပေမယ့် နိုင်ငံ တိုးတက်ရေးမှာ ၀င် မနှောင့်ယှက် နိုင်အောင်တော့ သတိထား နေရမယ်။ သူ လုပ်ခဲ့တာတွေကို တော့ မေ့မပစ်ပဲ ထပ်မခံ ရအောင် သင်ခန်းစာတော့ ယူရမယ်။

မောင်ညီ MMCP


ဦးခင်ညွှန့် ဘာတွေလုပ်ခဲ့လဲ ဟုတ်လား

၁ - စစ်အစိုးရ တတ်ခါစမှာ သူ တစ်ဦးတည်းမှာ ပါဝါ အပြည့် ရှိတယ်လို့ ပြောလို့ ရလောက်အောင်ကို ပါဝါရှိပါတယ်… အဲ့အချိန်က သူဆန္ဒပြ ကျောင်းသားတွေ NLD နဲ့ လူ့ဘောင်သစ် ပါတီဝင်တွေကို ဘယ်လို့ ဘ၀တွေ ရိုက်ချိုး ခဲ့တယ် ဆိုတာ ပြန်ပြောပြဖို့ လိုမယ် မထင်ပါဘူး… မန္တလေး သံဃာ့ အရေးအခင်း ကနေစပြီး သံဃာတွေကို ဘယ်လိုသူ ထောင်သွင်း အကျဉ်းချ ခဲ့ပါသလဲ….

၂ - အာဏာ တည်ဆောက်ပုံ… ကြမ်းတဲ့ နေရာမှာ သူ့လောက် ဘယ်သူမှ မကြမ်းပါဘူး… သူ့ အထက်က ဦးစောမောင် ၊ သူ့ လယ်ဗယ်ထက် တဆင့်မြင့် ဦးမြင့်အောင်၊ ဦးထွန်းကြည်တို့ အုပ်စု ၊သူတွေကို ဘယ်လို ရှင်းသွားလဲ… အဲ့အချိန်မှာ ဦးသန်းရွှေတောင် သူ့ ပါဝါ သူအသာလေး စုနေရတဲ့ အဆင့်ဘဲ ရှိသေးပါတယ်… နောက် ဦးတင်ဦး ကေစ့်… မသေမချင်း လုပ်ကြံ ခံရတာ သူ့ကြောင့် မဟုတ်ဘူး ဆိုရင်တောင် သူ အကာအကွယ် မပေးနိုင်ခဲ့တာ ဟာလည်း သူ့ ကိုယ်သူ လုံလှပြီ လို့တော့ ပြောလို့ မရနိုင်ပါဘူး… နောင်သူ ဇွဲနေ၀င်းတို့ ဗယုတ် သုတ်ခ အလုပ်မှာ တချက်၊ သူ့ လူတွေ လည်လွန်းပြီး - ချီးနင်းမိ နေချိန်မှာ တချက် အခြေပျက် သွားလို့သာ သူ ခံလိုက်ရတာပါ။

အဲ့တော့ သမိုင်းမှာ ဘယ်သူ တာဝန် အရှိဆုံးလည်း ဆိုတာ ပေါ်လောက် ပါပြီ။ ဦးသန်းရွှေက သူ့လောက် မတော်ပါဘူး…. ဦးသန်းရွှေ မဟုတ်တာ လုပ်ရင် လူသိတာ များတယ်… သူ မဟုတ်တာ လုပ်တာ လူသိပ်မသိဘူး… သူက ဆင်ဖြုမရှင်နဲ့ စုဘုရားလတ် ပုံစံ တဘက်က ပွဲခင်းပြီး တဘက်က လူသတ်တဲ့ သူစားမို့ပါ… သူ လုပ်သွားတာ အားလုံးဟာ ဆန်းဆန်း ပြားပြား မပါပါဘူး… တကယ်တော့ သူ သိပ်တော်ပါတယ် ပြောရင် ဗလလို ငမြောက် ငခြောက်ကောင် ကလည်း အဲ့လို နေရာလေးသာ ရပစေ မြန်မာပြည်ကို အနှစ် ၄၀ လောက် ပိတ်ထားလို့ ရတယ်လို့ ကြွေးကြော် ချင်ပါတယ်… ဘာကြောင့်လဲ မေးရင်တော့ မြန်မာ လူမျိုးတွေက မြန်မာ လူမျိုးတွေမို့ ပါဘဲ….

အခုတောင် ဖေ့စ်ဘုတ်မှာ အရင် ထောက်လှမ်းရေး အတွက် အသုံးတော် ခံခဲ့တဲ့ 7days ၊ voice ၊ eleven တို့က တဖြည်းဖြည်းနဲ့ မင်းကိုနိုင် တပုံ သူ့ ပုံ တပုံ တင်ပြီး စည်းရုံးရေး ဆင်းနေပါပြီ… အားလုံး ကလည်း ဘဘကြီး နေကောင်းလားတို့ အရမ်း ၀မ်းသာတာဘဲတို့ ဖြစ်ကုန်ကြရော…. ကျုပ်တို့ လူမျိုး ကလည်း မေ့တတ်တာကို…. ၁၉၈၈ အရေးအခင်း ဖြစ်တယ်… အရေးအခင်း ပြီးတာနဲ့ အရပ်ထဲ နတ်ပွဲတွေနဲ့ တခြိမ်းခြိမ်းပေါ့… မေ့ကုန်ပြီ… မသေတဲ့ မိသားစု တွေက… ၁၉၉၀ ရွေးကောက်ပွဲ လုပ်တယ်… မနက်ဖြန်ဘဲ ပေးမလိုလို လုပ်နေလိုက်တယ်… ကြားထဲမှာ ဖမ်းလိုက်တာ မနည်းမနော… အမှတ် မမှားရင် လွတ်တော် ခေါ်မယ်ကို ၁၉၉၁ - ၉၂ နှစ် လောက်မှ ကြေငြာတာ ရွေးကောက်ပွဲ ပြီးတယ်… ၁၉၉၃ ညီလာခံ ခေါ်တယ်… တနှစ် တကြိမ် တခါတလေ ၂ - ၃ကြိမ် ခေါ်တယ်… လူတွေ ဆူပူမှာ ဆိုးလို့ မြို့တော်ဝန် မာရသွန်….. ပြေးလိုက်ကြ တာဘဲ… တီကို ကားရအောင်လို့…. နအဖ ဖလား လှေသဘင်၊ မြင်းခင်း သဘင်၊ ဟောပြီးတော့ အမျိုးသား အားကစား ပွဲတော်၊ နောက်တော့ ကျောင်းသား အားကစား ပွဲတော် လုပ်ပေးတယ်၊ ဒါတွေဟာ ပုံမှန်ပါဘဲ… တကယ်တော့ အလှည့်တွေထဲမတော့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ လူတယောက် အတွက် တကယ့်ကို ပုံမှန်ပါဘဲ…. အခု အွန်လိုင်းမှာ ဟော့နေတဲ့ မြန်မာ့ အင်တာနက် ဖောင်ဒါ ဆိုတဲ့ စကားလုံး…. မှားတယ်… ပုဂံ ဆိုက်ဘာကို စလုပ်တဲ့ ရည်ရွယ်ချက် ကိုက သူ့အတွက်ပါ။ သူ လုပ်ခဲ့တာ တကယ်တော့ ကကလှမ်း အတွက် ရည်ရွယ်ပြီး လုပ်ခဲ့တာပါ… သူမလုပ်ရင် သူ ကျန်ခဲ့တော့မယ်…

အဲ့နောက်ကနေမှ လူတွေ မသုံးနိုင်တဲ့ ဈေး၊ လူတွေ မသုံးနိုင်တဲ့ စပိဒ့်တွေနဲ့ လူတွေကြားထဲ ချထား ပေးလိုက်တာပါ… ဒါလည်း လေးစား လောက်စရာ မရှိပါဘူး… သူနိုင်ငံ အုပ်ချုပ် နေတဲ့ သူတယောက်… သူ့ အလုပ် သူ လုပ်ရမှာပေါ့… ဒါ ကျွန်တော်

တို့က ပိုပြီး ချီးကျူး ထောပနာ ပြုနေစရာ ဘာလိုလို့လဲ…. ကောင်းတာကို ချီးကျူး ခံချင်ရင်တော့ ဘုန်းကြီးကျောင်းသွား အလှူလုပ်ပါ… ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လှူ … ဘုန်းဘုန်းတွေ ပြောတဲ့ သာဓု ဆိုတာကို ပီတိခံပေါ့… နောက် လူတွေ ပြောတဲ့ မာလ်တီ မီဒီယာ… ဟားတိုက်တာ ရယ်ချင်ရဲ့… စက်ရှိတယ်.. ရုပ်ပြ၊ အင်တာနက် ကနေ စာသင်မယ်တဲ့ မီးမလာဘဲ… အဲ့တော့ အဲ့တာ တွေဟာ အပိုဆိုတာ သဘောပေါက်ပေါ့… ထမင်းကျွေးလို့ ထိုင်စားမယ့် လူကို ထမင်းသိုး ဟင်းသိုး ကျွေးတာ ထုတ်ပြီး ချီးကျူးလောက်တဲ့ သူဟာ ထမင်းသိုး ဟင်းသိုး ကြိုက်တဲ့ သူဘဲ ဖြစ်မှာပေါ့…

နောက်တခု မိခင်နဲ့ ကလေး စောင့်ရှောက်ရေး အသင်း… ဒါဟာ တပ်တွင်း အားပြိုင်ဖို့လောက် နေရာ တခုပါ… အဲ့လိုနေရာမှာ ဒေါ်ကြိုင်ကြိုင် တို့က မတိုးဘူးလေ… သူ့ မိန်းမက ဒေါက်တာ ဆိုတော့ ပိုပြီး လူဝင်ဆန့်တော့ ဒါကို တည်ခဲ့တာဘဲ…. နောက် အတန်း ပညာရေးကို ဘယ်လောက်ထိ ဖျက်ဆီး ပစ်တယ် ဆိုတာ အားလုံး အသိပါ… မအောင် မနေရ အတန်းတင် ပညာရေး စနစ်ဟာ သူ့ကြောင့် ပေါ်ထွန်း လာတာပါ။ အဲ့ဒီ ပညာရေး စနစ်က ထွက်လာတဲ့ သူတွေ အခု အချိန်ထိ နိုင်ငံတကာမှာ ဘွဲ့ခြင်း တူရင် ဒီပလိုမာခြင်း တူရင် ဘယ်သူက ခေါင်းမော့ ရင်ကော့ ရပ်တည် နိုင်ပါသလဲ… ကိုယ့်ဘာသာ ကိုယ် မပြင်ထားရင် ဘာအဆင့်မှ မရှိလောက်အောင် အနှိမ်ခံရပါမယ်… အဲ့လောက် ဆိုရင် သူ့ ဘာလဲသိလောက်ပါပြီ…

သူဟာ ရုပ်ရှင် သရုပ်ဆောင် ကြက်သမား ၀င်းမြင့် (ဦးလူချော မှန်ပါတယ်နော်)ရဲ့ ညီလို့ မပြောရဘူး သရုပ်ဆောင် ကောင်းသူပါ… ဘုရား ထီးတော် တင်ရင် ဆုတခုဘဲ တောင်းတယ်… နိုင်ငံတော် သာယာဝပြောပြီး နိုင်ငံကြီး အေးချမ်းပါစေ… တဲ့ (နည်းနည်းတော့ စကားလုံး ကွဲနိုင်တယ်) အဲ့လို ဟန်ပါပါ မာန် ပါပါနဲ့ ဆုတောင်းလို့ လူကောင်း ထင်နေရင်တော့ မှားမှာပေါ့…

ကျွန်တော် အိမ်ကနေ ရှေ့ တပြက ဘုရား သူထီးတင်ခဲ့ သလို ကျွန်တော့် လမ်းထိပ်က ကကလှမ်း ရုံးမှာလည်း သူ့ တပည့်တွေ ဗျင်းနေတာ ကိုယ်တွေ့ မျက်မြင်…. အဲ့တော့ မိချောင်း မျက်ရည်လို့သာ ပြောချင်တယ်… သူ့ အကြောင်း ထဲကနေ ကောင်းတာလေး တခု နှစ်ခု လောက်တော့ ရှိတာပေါ့… သူ့ တပ်မတော် ဘ၀ နေ၀င်ချိန်မှာ အာဏာကို ပုံစံပြောင်း ယူဖို့ အကြံနဲ့ ဒေါ်စုကို သူက ဒီပရင်းမှာ ကယ်တဲ့ ပုံစံ ချိုးယူ တာမျိုး အာဆီယံမှာ သူ့တပည့် ဦးဝင်းအောင်ကို အလှည့် အပြောင်း လာတော့မယ် ဆိုတဲ့ စကားထွက် စေတာမျိုးကို ကြိတ်ပြီး ချီးကျူးမယ် ဆိုရင်ပေါ့…. ဒါပေမယ့် ဒီလူဟာ ကျွန်တော်တို့ ပုံနှိပ်စက်သမားတွေ ပြောသလို ပြောရရင် မှင်အနက်ဘဲ… ဘယ်လို မှင်နဲ့မှ သူ့ကို အရောင်ပြောင်းလို့ မရနိုင်ဘူး… သူဟာ လူ

မကြမ်းဘဲ စိတ်ဓါတ်ကြမ်းတဲ့ အတွင်းကောက် သမားပါ…ကျေးဇူး

ဗလ (MMCP)


ရွှေဝါရောင်ရဲ့ အရှေ့မှာ ၉၆ ကျောင်းသား အရေးအခင်း ဆိုတာ ရှိခဲ့တယ်ကွယ့်။ ဘယ်သူမှ အတိအကျ မသိဘဲလို့ ဆိုရအောင် အဲဒီ ကျောင်းသားတွေ မသေသေးဘူးကွယ့်။ အဲဒီ သူကြီးလဲ အပြင်ဘက်မှာ အရှင် လတ်လတ်ကြီး ညွှန်ကြား နေတာကွယ့်။ လှည်းတန်းမှာ နံနက် လင်းအားကြီး ကတ္တရာ လမ်းပေါ်ထိုင် လက်ချင်း ချိတ်တွဲ ထားတဲ့ ကျောင်းသားတွေကို မီးသတ်ပိုက်နဲ့ အနီးကပ် အတင်း ထိုးခွဲ ကားပေါ် ပစ်တင်ခိုင်းတာ အခု ရွှေဘို ထောင်က လွှတ်တဲ့ထဲ ပါတဲ့ ဗိုလ်ခင်ညွှန့် လက်ရုံး ဗိုလ်မှူးချုပ် ခင်အောင်တဲ့။ အဲဒီတုန်းက ဗမခ မဟုတ်သေးဘူး ထင်တယ်။ အမိန့်ရ အနီးကပ် ညွှန်ကြား သူပေါ့။ ထောက်လှန်းရေး တစ်စု ရက်ရက် စက်စက် နှိမ်နင်းခဲ့တဲ့ မန္တလေး သံဃာ့ အရေးအခင်း ဆိုတာလဲ မှီလိုက်သူတွေ ရှိသေးတယ်ကွယ့်။ ကျောင်းသား တစ်ယောက်ကို မမိလို့ အမေနဲ့ နှမကို (အလယ်တန်း ကျောင်းသူတောင် မချန်) ထောင်ထဲ ဖမ်းထည့် ပလိုက်တာကော သူ တော်တဲ့ အချက်လို့ ပြောဦး မလား။ မျှားခေါ် တတ်လိုက်တာ ပေါ့နော် အဲဒီ တ၀ိုက် စစ်ထောက်လှမ်းရေးတွေ သတင်းပေးတွေ စိုးမိုးချိန်က လက်ဖက်ရည်ဆိုင် ထိုင်ရင်တောင် ဘော်ဘော်တွေနဲ့ ကိုယ့်နိုင်ငံ အကြောင်း အကောင်း အဆိုး နည်းနည်းတောင် မဟ၀ံ့ ၊ ကချင် ပုဆိုးတောင် မ၀တ်ရဲ၊ အိမ်မှာ အန်တီစု ပုံတောင် မထားရဲတဲ့ သာမန် ကျောင်းသား ပြည်သူတွေရဲ့ ဘ၀တွေ ရှိခဲ့တယ်။ အဲဒါ ပုံပြင်တွေ ယုံတမ်း စကားတွေ မဟုတ်ဘူး။ အမှန်က ဒီလူကြီး အကြောင်း ပြောဖို့ ၀င်လာတာ မဟုတ်ဘူး။ ဖတ်ရတော့လဲ မနေနိုင်လို့။ …………………………………….

ဘယ်သူတွေ ဘယ်လိုပဲ အဘညွှန့်ရဲ့ ဘုန်းတော် ဘွဲ့တွေ ရွတ်နေကြ ပါစေ ကျနော်တော့ သူ့မျက်နှာ မြင်တာနဲ့ ပထမဆုံး ပြေးမြင် မိတာက ကိုတင်နွယ် ဆိုတဲ့ ဇိမ်ခေါင်းကြီးပဲ။

အဘညွှန့် ဘာလုပ်ခဲ့ သလဲတော့ မသိပါဘူး အဘညွှန့်ရဲ့ သားသမီး အမ်အိုင် တွေကြောင့် တနိုင်ငံလုံး ဇိမ်နန်းတွေ ပေါ်ပေါ် တင်တင် ဖွင့်ရဲလာတာတော့ အတော် ထင်ထင် ရှားရှားပဲ။ တဖက်ကနေ လှည့်ပြီး ကျေးဇူးတင် ရမယ် ဆိုရင် ကိုရင် ချက်ကြီးတို့ ပြည်တွင်းဖြစ် ကုန်ကြမ်း ရစေဖို့ စတင် မိတ်ဆက် ကျေးဇူး ပြုခဲ့တာ အဘ ညွှန့်ရဲ့ အမ်အိုင် တွေပဲ။

ဒါပေမဲ့ သူ လွတ်ခြင်း မလွတ်ခြင်းကို ကျနော်တော့ ဘယ်လိုမှ မခံစား မိပါဘူး၊ အကျဉ်းကျ နေသူ လွတ်မြောက်တဲ့ အတွက် မုဒိတာပွား ပါတယ်။ ဒါပေမဲ့ သူဟာ တနိုင်ငံလုံး အကြောက်တရား နွံထဲ ဆွဲချ ခဲ့တဲ့ အဖွဲ့အစည်းကြီး တစ်ခုကို ဦးဆောင် ခဲ့တဲ့ သူတစ်ယောက် ဆိုတာ ဘယ်လိုမှ ငြင်းဆို ဖျောက်ဖျက်လို့ မရနိုင်ပါဘူး။

မော်ကင်းလေး


မခံခဲ့ရဘူးတဲ့ သူတွေကတော့ ခံခဲ့ရတဲ့ အမြင်ကို ဘယ်သိ မလဲဗျ။ မိသားစုတွေ သားတကွဲ၊ မယားတကွဲ.. ဖြစ်ခဲ့တာတွေ၊ လူဘ၀ သက်တမ်း တ၀က်လောက်ကို ထောင်ထဲမှာ ကုန်ဆုံးခဲ့ရတာတွေ၊ ကိုယ့်အိမ် ကိုယ်နေတာတောင် ကြီးလန့်စာ စားနေ ခဲ့ရတာတွေ၊.. ပြောရရင်တော့ ကုန်မှာတောင် မဟုတ်ဘူး။ ဒီလို လူမျိုးကို အကာအကွယ် ပေးတဲ့ သူတွေ facebook ပေါ်မှာလဲ အတော်များသား ကလား။ ဒီလူကြီးရဲ့ လက်တံက တော်တော် ရှည်သေးတာ တွေ့ရပါတယ်။ (သူတပည့် ဟောင်းတွေ တော်တော် များများလဲ facebook ပေါ်ရှိနေတာ သေချာတယ်) ထောက်လှမ်းရေး ဆိုတဲ့ အတိုင်း ဉာဏ်နီ ဉာဏ်နက်၊ ကလိမ်ကကျစ် ဉာဏ်ကတော့ တော်တော် ကြောက်ဖို့ ကောင်းရိုး အမှန်ပဲ။ မြွေပွေးလို လူမျိုးပါ။ ဒီလူကြီး အခုလို ထောင်ကျတာလဲ ယုံကြည်ချက်ကြောင့် မဟုတ်ပါ။

သွားလေသူကြီးက မြွေပွေး တစ်ကောင်ကို ပခြုပ်ထဲ ထည့်လိုက် တာပါ။ (သူတို့ အာဏာ ထိပါးမှာ မြင်လို့လား မသိ) ခုတော့ မြွေပွေး တစ်ကောင် ပြန်လွတ်လာပြီပေါ့။

xxMMCPxx


သူတို့ တွေက ရန် ငါ ပြတ်တယ်။ ဒါကြောင့်လည်း သူတို့တွေက ပြတ်ပြတ် သားသား အသာစီးရ အပေါ်စီးက နေပြီး လုပ်ခြင် သလို လုပ်ခဲ့ကြတယ်။ ကျတော် တို့က မေတ္တာ ဂရုဏာ မုဒိတာ ဥပစ်ခါတွေကို ကျင့်သုံးတယ်။ နည်းနည်း အသာစီး ရလာရင်

ဆက်ပြီး အနိုင်ယူဖို့၊ အမြစ်ပြတ် ချေမှုန်းဖို့ ဆိုတာ တွေကို စိတ်မ၀င်စား တော့ဘူး။ အားလုံး အတူတကွ လက်တွဲ နေထိုင်ရေးကို ပိုဦးစား ပေးတယ်။ ဒါကြောင့် သူတို့တွေ ထင်တိုင်းကြဲတာကို ခဏခဏ ခါးဆီး ခံခဲ့ကြရတယ်။

တစ်ခါ တစ်လေ တော့လည်း ကိုယ်လည်း ရန် ငါ ပြတ်သူ ဖြစ်ချင် လာတယ်။ ဒါပေမဲ့ ငါဟာလူ၊ တိရစ္ဆာန် မဟုတ်ဘူး လို့ ပြန်စဉ်းစား လိုက်မိရင် ရန် ငါ မပြတ်နိုင်သူ ပြန်ဖြစ် သွားတယ်။ လူ အဖြစ်ကို အဆုံးရှုံး ခံပြီးမှရမဲ့ အနိုင် ထိုက်တန်ရဲ့လား တစ်ကယ်ကော လိုခြင်ရဲ့လားလို့ ပြန်စဉ်းစား စရာတွေ ဖြစ်လာ ခဲ့တယ်။

အခု အချိန်မှာ အခုလို လွှတ်ပေး လိုက်တာနဲ့ ပက်သက်ပြီး ဆိုက်ဝါးတွေ လုပ်နေတယ်လို ကျတော်လည်း ခံစားရတယ်။ ဇာတ်ရှိန်ကို မြှင့် သယ်သွားတယ်။ လူနည်းနည်း စိတ်ဝင်စားတဲ့ ကိစ္စကနေပြီး လူအများ စိတ်ဝင်စားတဲ့ ကိစ္စ ဖြစ်လာအောင် လုပ် ယူတယ်။ ပြီးမှ ဖြည့်ချလိုက်တယ်။ လူတွေ အားလုံး ရင်သပ် ရှုမော စရာ ဖြစ်သွားတယ်။ မြစ်ဆုံ ကိစ္စ အကျဉ်းသား လွတ်ပေးရေး ကိစ္စ တွေမှာ သေသေ ချာချာ ပလန် ဆွဲပြီး ဒါရိုက်တာ ကောင်းကောင်းနဲ့ ရိုက်တဲ့ ရိုက်ချက် တွေလို ကျတော်လည်း အစ်ကို တစ်ချို့နဲ့ အမြင် တူတယ်။

သစ်တာကြီးပေါ် ကျောက်တုံး တင်ပြီး ပြန်ချပေးတဲ့ အော်ပီကျယ် ကာတွန်း အဓိပ္ပါယ်မျိုး ဆိုတဲ့ အဖြစ်မျိုး ဆိုတာကိုလည်း လက်ခံတယ်။ ချုပ်ချုပ်ကြီးရဲ့ သမီးတော်တွေ ဌာနတွေ အားလုံးက တစ်ပြိုင်နက် ထွက်ပြီးမှ ဆိုတာ လေးကို ပိုပြီး သိခြင်လာတယ်။ အစ်ကို သိထားတာတွေကို ရှယ်ပေး ပါလား။

အခု တစ်လော မြောက်ပိုင်း ကျောင်းသား တပ်မတော် အတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြုတ်ထုတ်သတ် အတွင်းရေးတွေ အရိုးတွန် နေတယ်။ ခွင့်လွှတ်နိုင်သူတွေ ခွင့်လွှတ်လို့ ရပေမဲ့ သမိုင်းကိုတော့ မေ့လိုမရဘူး။ ပြင်လို့ မရသင့်ဘူး။ သမိုင်း အပျောက် မခံ သင်ဘူး။ အရေး ယူတာ မယူတာက နောက် တစ်ပိုင်း အမှန်အတိုင်း သမိုင်းမှာ ရှိ ကျန်ရစ်ဖို့ နောက် တစ်ပိုင်းပါ။ ထို့အတူ ဒီပဲယင်း ဆိုတာလည်း လူ အများအပြား လူ မသိ သူမသိ၊ လူလို သူလို မဟုတ်ဘဲ အသက် ပေးခဲ့ရတဲ့ အရေးအခင်းပါ။ ခွင့်လွှတ် နိုင်သူတွေက အခြေအနေ အရပ်ရပ်ကို ရှေ့ရှု ချင့်ချိန်ပြီး ခွင့်လွှတ်ဦးတော့ သမိုင်း မှတ်တမ်း အမှန်အတိုင်း အပြည်အစုံ ရှိသင့်တယ်။ နောက် လူတွေလည်း သိသင့်တယ်။ အခုဘဲကြည့် ဘာမှ မကြာသေးတဲ့ နှစ် ကာလတွေ တုန်းက လုပ်သွားတဲ့ ညောင် နှစ်ပင်တောင် မသိသူတွေ ရှိနေပြီ။ မအအောင်လို့ သမိုင်း သင်တာပါ ဆိုတာ ဒေါက်တာ သန်းထွန်းရဲ့ စကား ပြန် အမှတ်ရကြပါ။

ဦးခင်ညွှန်နဲ့ ပတ်သက်ပြီး သမိုင်းကြောင်းတွေ ကောင်း သလား ဆိုး သလား တော် သလား ဆိုတာတွေ ဆွေးနွေးခြင်ရင် နိုင်ငံရေး သရက်ထဲမှာ သူ့အမည်နဲ့ သီးခြား တစ်ခု ရှိပါတယ်။ အဲသည်ဖက်မှာ ဆိုရင် ပိုပြီး သင့်လျှော်လေ မလားလို့ အကြံ ပေးတာပါ။ ကျတော် ဂရုပြု မိသလောက် အမည်ကျော်တွေ ထဲမှာ ကိုယ်ကိုယ့်ကိုယ် publicity ဖြစ်အောင် promotion ကို သေသေချာချာ စဉ်စားပြီး စနစ်တစ်ကျနဲ့ အချိန် အကုန်ခံပြီး လုပ်ယူတဲ့ လူ နှစ်ယောက်ကို တွေ့မိတယ်။ တစ်ယောက်က ကျော်ဟိန်းပါ။ သူ ဘုန်းကြီး မ၀တ်ခင် နှစ် အနည်းငယ် အလိုမှာ နှစ်ရှည် ပလန်ချပြီး စနစ်တစ်ကျ လုပ်သွားတာပါ။ နောက် တစ်ယောက် အခု မြို့မေတ္တာ ခံယူ နေသူကြီးပါ။

လူတွေဟာ တစ်ခုခုကို အများထဲက ရွေးရတော့မယ် ဆိုရင် ယဉ်ပါးနေတဲ့ ကြားဘူးတဲ့ အရာကိုဘဲ ရွေးတယ် ဆိုတာ စနစ်တကျ လေ့လာချက် များမှာ တွေ့ရှိရတဲ့ လူ အကျင့်ပါ။ ဒါကြောင့် ကိုယ်ပစ္စည်းကို ကောင်းတဲ့ ကိစ္စနဲ့ တွဲပြီးတော့ဘဲ ဖြစ်ဖြစ် ဆိုးတဲ့ ကိစ္စနဲ့ဘဲ တွဲပြီးတော့ဘဲ ဖြစ်ဖြစ် လူတွေရဲ့ မျက်စိ ထဲကို နားထဲကို ခေါင်းထဲကို ထပ်ခါ တလည်းလည်း ၀င်အောင် လုပ်ပေးရမယ်။ အဲဒီ လုပ်ထားနိုင်ရင် အဲသည် လူဟာ တစ်ခုခုကို ရွေးရတော့ မယ်ဆိုရင် မသိ စိတ်ကနေပြီး သူ မကြာခဏ ကြားဘူး နေတဲ့ အမည် ကိုဘဲ ရွေးတော့တယ် ဆိုတာ အခြေခံ မားကက်တင်း နိယာမ တစ်ခုပါ။ ဒါကို တီဗီ မင်းသားကြီးက ကောင်းကောင်း နားလည်ပုံ ရပါတယ်။ လူမကြိုက်တဲ့ ပစ္စည်းကို လူ ကြိုက်များတဲ့ ပစ္စည်းနဲ့ တွဲထုတ်တာ ခေါက်ရိုးကျိုး နေတဲ့ မဆလ မားကက်တင်း နည်း စနစ်ပါ။ လူအများရဲ့ အသက် သွေး ဘ၀ မျက်ရည် တွေနဲ့မှ စားပျော် အိပ်ဝင်ပြီး လူ လုပ်ခဲ့သူတွေကို လွှတ်ပေးရင် လူထုက လက်ခံမှာ မဟုတ်ဘူး ဆိုတာကို သိလို့ လူထုကြီးက အောင့်သက်သက်နဲ့ စိတ်လျော့ပြီး

လက်ခံ သွားရအောင်လို့ အခုလို တွဲပြီး ထုတ်လိုက်တာပါ။

အောင်အောင်ဦး
ခင်ရတနာ(facebook) မှ


ဒေါ်စု ကို အပျော့ဂိုဏ်း ခင်ညွန့်က စကား ပြောချင် နေတာ ခေါင်းမာတဲ့ သန်းရွှေကြောင့် ဆိုပြီး ဆရာ တပည့် နှစ်ယောက် အပျော့ဂိုဏ်း အမာဂိုဏ်း ဖန်တီးပြီး လူထုကို လိမ်။ သံတမန်တွေကို လိမ်။ ကမ္ဘာကို လိမ်ခဲ့တာ ခင်ညွန့်ပါ။

ထောက်လှမ်းရေး တွေကို သန်းရွှေက လိုက် ဖမ်းတော့ နယ်စပ်က ထောက်လှမ်းရေးတွေ အိမ်မှာ ရွှေတွေ ပိသာ များစွာ ဖမ်းမိတယ်။ ဒေါ်လာတွေ မြောက်များစွာ နံရံမှာ မြုပ်ထားတယ်။ ထူးခြား တာက ထောက်လှမ်းရေး အရာရှိတွေရဲ့ ဘုရားစင် တွေမှာ ဘုရား မရှိဘဲ ခင်ညွန့် ဓါတ်ပုံကြီးသာ ရှိပါသတဲ့။

ခင်ညွန့် ပြုတ်တာ ၂၀၀၄ နှောင်းပိုင်းပါ။ မပြုတ်ခင် လပိုင်း အလိုမှာ ခင်ညွန့်နဲ့ ထောက်လှမ်းရေး တဖွဲ့လုံးကို ဒေါက် ဖြုတ်ရာမှာ အဓိက ဇာတ်ကောင်လို့ စွပ်စွဲ ခံရတဲ့ ထောက်လှမ်းရေး ဗိုလ်ချုပ် ကျော်ဝင်းက သူ့မယားငယ် ရီရီသာကို အမေရိကန် ပို့ပါတယ်။ ရီရီသာက အမေရိကန်ကို ၀င်တဲ့ နေရာမှာ ကျော်ဝင်း ခိုးဝှက် ထားတဲ့ အမေရိကန် ဒေါ်လာ သန်းပေါင်း များစွာ (ဆယ် ဂဏန်းလို့ နီးစပ် သူတွေက မှန်းပါတယ်) နဲ့ ၀င်ပါတယ်။ ဒီ အချိန်မှာ ထောက်လှမ်းရေး ဗိုလ်မှူး အောင်လင်းထွဋ် က ၀ါရှင်တန် မြန်မာ သံရုံးမှာ ရှိနေတုံးပါ။ ဒါကြောင့် ရီရီသာ အမေရိကန်မှာ အခြေချဘို့ အောင်လင်းထွဋ် က အကုန် စီစဉ် ပေးပါတယ်။ အောင်လင်းထွဋ် သံရုံးက ခုန်ချပြီး အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းတဲ့ အခါ ထောက်လှမ်းရေး ဗိုလ်ချုပ် ကျော်ဝင်း မယားငယ် ရီရီသာ အိမ်မှာ ခဏ နေပါတယ်။ ဒေါ်စု ကျေးဇူးကြောင့် အမေရိကန်က ဆန်ရှင်တွေ ဖွင့်ရင် ထောက်လှမ်းရေး ဗိုလ်ချုပ် ကျော်ဝင်းလဲ အမေရိကန်က မယားငယ်နဲ့ ပြန်ပေါင်းထုတ်။ ခိုးထားတဲ့ ဒေါ်လာတွေနဲ့ စည်းစိမ် ခံနိုင်မှာမို့ ဟန်ကို ကျလို့။ ကနေ့ အမေရိကန် အစိုးရက အောင်လင်းထွဋ်ကို လုံးဝ နိုင်ငံရေး ခိုလှုံခွင့် မပေးပါ။ အမေရိကန်မှာ နေခွင့်သာ ပေးတယ်လို့ နိုင်ငံခြား သတင်း တခုမှာ ဖတ်ရတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တချိန်က နှစ်ပြား မတန်အောင် မြန်မာ့ အလင်း သတင်းစာ ကနေ ဆောင်းပါး မျိုးစုံနဲ့ အပုတ် ချခဲ့တာ ခင်ညွန့်နဲ့ ထောက်လှမ်းရေး အရာရှိတွေ ဆိုတာ မေ့ကုန်ပလား။ ဒေါ်စုနဲ့ အန်အယ်လ်ဒီကို အောက်လမ်း နည်းမျိုးစုံနဲ့ တိုက်ခဲ့တာ ခင်ညွန့် ပါရှင့်

(မြင့်မိုဦး facebook မှ စုစည်းတင်ပြချက်)

ဖတ်ကြည့်ချင်သေးလား....

ပြည်သူ့ သား

သရက်မြို့ခံ အဘွားအိုတစ်ဦးဆိုက်ကားဖြင့်
့ကိုမင်းကိုနိုင်ကိုအမှီလိုက်ပြီး မရမကလိုက်လံနှုတ်ဆက်ပုံ။

ဖတ်ကြည့်ချင်သေးလား....

Friday, January 13, 2012

Remarks on Burma

ဖတ်ကြည့်ချင်သေးလား....

ထောင်တွင်းပန်းချီ


ဖတ်ကြည့်ချင်သေးလား....

စစ်ဘီလူးများကြားက ခွပ်ဒေါင်း

အမျိုးသားဝတ်စုံနဲ့ ဇာတိမာန်အပြည်နဲ့ နောက်ထပ် ဒို့အမျိုးသားခေါင်းဆောင်တယောက် အကျဉ်းထောင်ပေါက်မှ လှမ်းလျှောက်လာစဉ်........... 

စစ်ဘီလူးများကြားက ခွပ်ဒေါင်း
မညောင်းအစဉ် ခတ်တဲ့တောင်ပံနဲ့
ဒေါင်းအလံသူစိုက်ဖို့ သူထွက်ခဲ့ပြီ 
သူလည်းလေ အမျိုးသားခေါင်းဆောင်မည်ပေသမို့
ပြည်သူအပေါင်းက ကြိုလင့်လို့ မေတ္တာပို့။ 
(အေးနန္ဒာအောင်-JAPAN)


ဖတ်ကြည့်ချင်သေးလား....

Sunday, January 8, 2012

နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှု စတင်



နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှု ရန်ကုန်တွင် စတင်လိုက်ပြီ ...



ဇန်န၀ါရီ ၇၊ ၂၀၁၂ ၊ နံနက် ၁၀ နာရီ “နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု” အဖွဲ့ခေါင်းစဉ်ဖြင့် နိုင်ငံရေး အကျဉ်းသားမိသားစုဝင်များ အိမ်သို့ သွားရောက်အားပေးသည့် လှုပ်ရှားမှုကို ယနေ့စတင်လိုက်သည်။ ယခုလှုပ်ရှားမှုတွင် အကျဉ်းသားမိသားစု ကွန်ရက်၊ Generation Wave ၊ နိုင်...ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့တို့မှ ပါဝင်သည်။ နံနက် ၈ နာရီ ၃၀ တွင် တာမွေပလာဇာရှေ့မှ လူအင်အား ၁၀၀ ၀န်းကျင်ခန့်ဖြင့် စတင်ထွက်ခွာထွက်ခွာကြသည်။ ပထမဦးဆုံး တာမွေဗလီအနီးရှိ ဦးကျော်မင်း (CRPP အဖွဲ့ဝင်) အိမ်သို့ သွားရောက်သည်ဟု သိရသည်။ နောက်ထပ် နိုင်ငံရေး အကျဉ်းသား ၁၅ ဦး၏ နေအိမ်များသို့ သွားရောက်မည်ဟု သိရသည်။ 


သတင်းရင်းမြစ်.....Yangon Press Internationalနှင့်Burma VJ Media Network

ဖတ်ကြည့်ချင်သေးလား....

Saturday, January 7, 2012

မလေးငယ် ဆိုသော မလေးရှားရောက် အမျိုးသမီးငယ် တစ်ဦးမှ အိတ်ဖွင့်ပေးစာ..။

မလေးငယ် ဆိုသော မလေးရှားရောက် အမျိုးသမီးငယ် တစ်ဦးမှ အိတ်ဖွင့်ပေးစာ..။
(ကြည်ဝါထွန်း)

အစ်ကိုတို့ရေ အစ်ကိုတို့ကို ညီမအနေနဲ့ ဆက်သွယ် ပြောချင်တာလေး နည်းနည်း ရှိပေမဲ့ ဘယ်လို ဆက်သွယ်ရမှန်း မသိလို့ အင်တာနက် ပေါ်ကပဲ အိတ်ဖွင့် ပေးစာ အနေနဲ့ ပို့လိုက်ပါတယ်ရှင်။ ပြောချင်တာတွေ များတော့ စာက နည်းနည်း ရှည်သွားလို့ သည်းခံပြီး အဆုံးထိ ဖတ်ပေး စေချင်ပါတယ်နော်။ ညီမက ပီနန်မှာ အလုပ်လုပ်နေတဲ့ မြန်မာ မိန်းကလေး တစ်ယောက်ပါ။ အစ်ကိုတို့ အကြောင်းကို ညီမ စသိတာတော့ နည်းနည်း ကြာပါပြီ။ ညီမ သူငယ်ချင်း တစ်ယောက်က ညီမကို ပြောပြလို့ပါ။ သူပြောပြတာကတော့ မလေးရှားမှာ တခြား နိုင်ငံသား တွေနဲ့ တွဲပြီး အခြေအနေ ဆိုးနေတဲ့ မိန်းကလေးတွေ မရှိရအောင် ရည်ရွယ်ချက် တူတဲ့ လူတွေ စုပြီး အဖွဲ့ဖွဲ့ပြီး လုပ်ဆောင် မယ်တဲ့။ သူ ပြောတာ ကြားတော့ ညီမလေး ဝမ်းသာ လိုက်တာ။ သူ့ကိုတောင် ပြောလိုက် သေးတယ်။ ဖြစ်သင့်တာ ကြာပြီလို့။ ဟုတ်ပါတယ်။ မလေးရှားမှာ မြန်မာ မိန်းကလေးတချို့ဟာ တခြား နိုင်ငံသားတွေနဲ့ အပျော် သဘောတွဲပြီး အခြေအနေ ဆိုးနေတာ ကြာပါပြီ။

ညီမ မလေးရှားကို စရောက်တည်းက မြန်မာ မိန်းကလေး တွေနဲ့ ပတ်သက်ပြီး အဆို နှစ်ခု ကြားရပါတယ်။ တစ်ခု ကတော့ ဖုန်းတစ်လုံး ဝယ်ပေးရင် မြန်မာ မိန်းကလေး တစ်ယောက် ရပြီတဲ့။ နောက် တစ်ခုကတော့ မြန်မာ ယောင်္ကျားလေး တွေက ပြောတာပါ။ မြန်မာနိုင်ငံ ပြန်ရောက်လို့ မိန်းမ ယူမယ် ကြံရင် မလေးရှားကို ရောက်ဖူးတဲ့ မိန်းမ ဆိုရင်တော့ ဝေးဝေး ရှောင်မယ်တဲ့။ ညီမလေ အဲ့စကားတွေ ကြားရတော့ တော်တော် စိတ်မကောင်းပါဘူး။

အစ်ကိုတို့ သတင်းကို အဲ့ဒီနေ့မှာ ကြားလိုက် ရတော့ ညီမ တော်တော် ပျော်မိတယ်။ ညီမ ကိုယ်တိုင်လဲ အပြင်တွေ ဘာတွေ သွားရင် မြန်မာ မိန်းကလေးတွေ လူမျိုးခြား ယောက်ျားလေး တွေနဲ့ တွဲနေတာ မြင်ရင် မချိအောင် နာမိသူပါ။ ဒါတောင် ညီမက အပြင်ကို သိပ်မထွက်ပါဘူး။ မထွက်မဖြစ် လကုန် အိမ်ကို ပိုက်ဆံပို့တဲ့ အချိန်ရယ် ချက်ဖို့ ပြုတ်ဖို့ ဈေးမသွား မဖြစ် ကိုယ်တိုင် သွားရမယ့် အချိန်ရယ်။ ဒီ နှစ်ချိန်လောက်ပဲ အပြင် ထွက်တာပါ။ ဒါတောင် ညီမ ထွက်တိုင်း မိန်းကလေး တွေကို တခြား လူမျိုးတွေနဲ့ တွဲပြီး မကြာမကြာမြင်နေရပါတယ်။ အဲ့တော့ အစ်ကိုတို့ သတင်းလေး ကြားတော့ ညီမ အရမ်း ဝမ်းသာတယ်။ အစ်ကိုတို့ သူတို့ကို ဘယ်လို ကူညီမလဲ။ ဘယ်လို လုပ်ဆောင်မလဲ။

ညီမ အမြဲ နားစွင့် နေပါတယ်။ ဒါပေမဲ့ ညီမ ကိုယ်တိုင်ကလဲ အပြင် သိပ်မထွက် လို့လားတော့ မသိ။ အစ်ကိုတို့ အဖွဲ့ရဲ့ သတင်းကို မျက်ခြေ ပျက်သွားခဲ့တာ ကြာရောပေါ့။ ဟိုရက်ပိုင်း ကလေးကမှ အစ်ကိုတို့ အင်တာနက် ပေါ်ကို တင်လိုက်တဲ့ ဗီဒီယိုလေးကြောင့် အစ်ကိုတို့ လုပ်ဆောင် နေတာတွေကို ညီမ သေချာ သိခဲ့ရပါတယ်။

ဒီနေရာမှာ အစ်ကိုတို့ကို ရှင်းပြချင် တာလေး နှစ်ခု ရှိပါတယ် အစ်ကိုရေ။ ပထမ ရှင်းပြချင်တာ ကတော့ မလေးရှားက မြန်မာ မိန်းကလေးတိုင်း မပျက်စီးပါဘူး ဆိုတဲ့ အချက်ပါပဲ။ အစ်ကို တို့ရေ ညီမ ဖတ်မိဖူးတာလေး တစ်ခု ရှိပါတယ်။ မန္တလေးမြို့က မစိုးရိမ် ကျောင်းတိုက်ကြီးကို လှူခဲ့တဲ့ဒါယိကာ အကြောင်းပါ။ တစ်နေ့ အဲ့ဒီ ဒါယိကာ အိမ်ကို သူ့မိတ်ဆွေ တစ်ယောက်က ရောက်လာပြီး “ဟေ့ကောင် မင်းကတော့ မစားရက် မသောက်ရက်နဲ့ စုပြီး ကျောင်းတိုက်ကြီး လှူထားတာကွာ။ အခုပဲ မင်းလှူထားတဲ့ ကျောင်းကို ငါရောက်ခဲ့တော့ ဘုန်းကြီးတွေ သင်္ကန်း ခါးတောင်း ကျိုက်ပြီး ခြင်းခတ် နေတယ်။ ဘယ်မြင်လို့မှ မကောင်းကွာ” ဆိုပြီး လာပြောသတဲ့။ အဲ့ဒါနဲ့ အဲ့ဒီ ဒါကာ ကလည်း “ဟုတ်လား လာ ကျောင်းသွား ရအောင်ကွာ” ဆိုပြီး သူ့ သူငယ်ချင်းနဲ့ အတူ နှစ်ယောက် ကျောင်းကို သွားကြသတဲ့။ ကျောင်း ရောက်တော့ သူ့သူငယ်ချင်း ပြောတဲ့ အတိုင်းပေါ့လေ။ ကျောင်းဝင်း ထဲမှာ ဘုန်းကြီးတွေ ခြင်းခတ် နေတာကို တွေ့သတဲ့။ အဲ့ဒါနဲ့ပဲ ဒါယိကာလည်း သူ့သူငယ်ချင်းကို “လာ ကျောင်းတိုက်ပေါ် ခဏတက်ဦး” ဆိုပြီး ကျောင်းပေါ် ခေါ်သွားတယ်။ ကျောင်းပေါ် ရောက်တော့ ကျောင်းပေါ်မှာ စာအံတဲ့ ကိုရင်တွေ စာသင်တဲ့ ဘုန်းတော်ကြီးတွေ တရား ထိုင်နေတဲ့ ဘုန်းတော်ကြီးတွေ အစ ရှိသဖြင့်ပေါ့။ ဘုန်းကြီးတွေ ကိုရင်တွေကို တွေ့သတဲ့။ အဲ့ဒီ အခါ ဒါယိကာက သူ့သူငယ်ချင်းဖက်ကို လှည့်ပြီး “ ခြင်းခတ်နေတဲ့ဘုန်းကြီး ဘယ်နှစ်ပါးရှိသလဲလို့” မေးလိုက်ပါတယ်။ သူ့သူငယ်ချင်း ကလဲ “ မင်းမတွေ့ဘူးလား ဘုန်းကြီး ငါးပါး ခြင်းခတ်နေတာ။” ဒါယိကာက ထပ်ပြီးတော့ “ဟော့ဒီ ကျောင်းပေါ်မှာ စာအံ စာချနေတဲ့ ဘုန်းကြီးတွေ ကိုရင်တွေ ဘယ်နှစ်ပါး ရှိမယ် ထင်သလဲ ” လို့ ထပ်မေး လိုက်ပါတယ်။ သူ့သူငယ်ချင်းလဲ “ဟာ ဒါကတော့ အများကြီးပဲပေါ့။” အဲ့ဒီ အခါ ဒါယိကာက “ အေး ဟုတ်တယ် မင်းအပြင်မှာ ခြင်းခတ် နေတာကိုပဲ မြင်တာ ကိုးကွ။ အထဲလည်း ဝင်ကြည့်ပါဦး” လို့ပြောသတဲ့။ အစ်ကိုတို့ရေ အဲ့လိုပါပဲ။ မလေးရှားမှာ အစ်ကိုတို့တွေ အပြင်မှာ တွေ့နေရတဲ့ မိန်းကလေးတွေရဲ့ အရိပ်အကဲကို ကြည့်ပြီးတော့ မလေးရှားက မြန်မာမတွေ မကောင်းဘူး။ ယောက်ျားတွေနဲ့ ပလူး နေလိုက်တာ။ မြင်လို့မှ မကောင်း။ -ါလုံးလုံး ဖြစ်နေပြီလို့ ဝါးလုံးရှည်ကြီးနဲ့ သိမ်းမရမ်းကြပါနဲ့။ စက်ရုံတွေ အလုပ်ရုံတွေထဲမှာ ရိုးရိုးသားသား နေပြီး ကြိုးကြိုး စားစားနဲ့ မိဘတွေကို လုပ်ကျွေး နေကြတဲ့ မိန်းမကောင်းလေးတွေ တစ်ပုံကြီး ရှိပါတယ်။

ဒုတိယ ရှင်းပြချင်တာ ကတော့ မလေးရှားကိုရောက်နေတဲ့ မြန်မာ မိန်းကလေး တော်တော်များများရဲ့ ဘဝပေး အခြေအနေပါ။ မလေးရှားကို လာပြီး အလုပ်လုပ်နေတဲ့ မြန်မာ မိန်းကလေးတော်တော် များများဟာ မြန်မာ နိုင်ငံရဲ့ အခြေခံ လူတန်းစား တစ်နေ့လုပ် တစ်နေ့စား အသိုင်းအဝိုင်းတွေက လာတာ များပါတယ်။ မြန်မာနိုင်ငံမှာ ပိုက်ဆံ အလယ် အလတ် အဆင့်ရှိတဲ့ လူတွေတောင် မလေးရှားကို မလာပါဘူး။ သူတို့တွေ နိုင်ငံခြားကို ထွက်ရင် စင်္ကာပူလောက်ကို အနိမ့်ဆုံး ထွက်တတ် ပါတယ်။ ပြီးတော့ မလေးရှားကို လာတဲ့ မိန်းကလေး တွေရဲ့ ရှစ်ဆယ် ရာခိုင်နှုန်းလောက်ဟာ ပိုက်ဆံ ချေးပြီးလာတာ များပါတယ်။ အဲ့ဒီလိုပဲ လာတဲ့ မိန်းကလေးတွေရဲ့ငါးဆယ် ရာခိုင်နှုန်းလောက်ဟာ လက်မထပ် ရသေးတဲ့ မိဘ အုပ်ထိန်းမှု အောက်မှာ ရှိနေသေးတဲ့ မိန်းမပျိုလေးတွေ များပါတယ်။ လာတဲ့ အချိန်မှာတော့ မျှော်လင့်ချက်တွေ တစ်နင့် တစ်ပိုးကြီးနဲ့ပေါ့။ ပွဲစားတွေရဲ့ မစားရ ဝမခန်း ပြောလုံးတွေကြောင့်လည်း ပါတာပေါ့လေ။ အဲ တကယ် ရောက်ပြီဆိုတဲ့ အချိန်မှာတော့ ………………….။

မလေးရှားမှာ အလုပ်လုပ်တဲ့ မြန်မာ မိန်းကလေး တော်တော် များများရဲ့ အခြေခံ လစာကို တွက်ရင် မလေးငွေ ရင်းဂစ် ၇၅၀ ပေါ့။ တချို့တွေဆို တစ်နေ့ကို ရင်းဂစ် ၂၀ ကျော် လောက်နဲ့ တစ်လမှ ၆၀၀ ကျော်လောက်ပဲ ရကြပါတယ်။ အမျိုးမျိုးပေါ့လေ။ ဒါပေမဲ့ ပျမ်းမျှ တွက်လိုက်မယ် ၇၅၀ ပဲထား။ (တစ်ထောင်ကျော် ထွက်နေတဲ့ လူတွေလည်း ရှိပါတယ်။ ဒါက ရောက်ပြီး သုံးနှစ်လောက်ကြာ လုပ်ငန်း အတွေ့အကြုံရှိ စကားပြောလေး တက်လာတဲ့ အချိန်မှပါ။ ) ရောက်စ ၂လ လောက်မှာ ဘယ်လိုမှ ပိုက်ဆံ မပို့နိုင်ပါဘူး။ ဒီမှာ စားဖို့ အိုးလေးခွက်လေးတွေ လိုတဲ့ ပစ္စည်းလေးတွေ ဝယ်ရတာကို။ ကဲ ပိုက်ဆံပို့ပြီ ဆိုတော့ ။ ရတဲ့ လခက ၇၅၀။ ထမင်းဖိုးက ၁၅၀ ထား။ အိမ်ကို ဖုန်းဆက်ဖို့နဲ့ ဆပ်ပြာ သွားတိုက်တံ တခြား ဝယ်စရာ တိုလီ မှုတ်စလေးတွေက ၁၀၀ ပဲ ထားဦး။ ဒါအနည်းဆုံးနှုန်းကို တွက်ပြ နေတာပါနော်။ အဲ့ဒီမှာတင် ၂၅၀ ကုန်ပြီ။ အိမ် အတွက် ၅၀၀ ပေါ့။ ငွေဈေးက ၂၅၀ ဈေး။ အဲ့တော့ အိမ်ကို ပို့တဲ့ ပိုက်ဆံက တစ်လကို မြန်မာငွေ ၁၂၅၀၀၀။

အဲ့ဒီမှာ အရေးကြီးတာက နောက်မှာ ကျန်ခဲ့တဲ့ မြန်မာနိုင်ငံက လူတွေရဲ့ အခြေအနေပဲ။ ချေးထားတဲ့ ပိုက်ဆံကလည်း အတိုးက တက်နေ။ ဒါလေးကို ကျေဖို့ အမြန် ဆပ်နေတဲ့ အချိန်မှာ အိမ်က လူတွေက တစ်ခြား ပိုက်ဆံ ဝင်ငွေ ရှိရဲ့လား။ကိုယ့် တစ်ယောက်တည်း ဆီကပဲ မျှော်ကိုး နေရတဲ့လူတွေလား။ အဲ့ဒီ အခြေအနေတွေပေါ် မူတည်ပြီး မိန်းကလေးတွေ ခမျာ အဆင်ပြေသလို လှုပ်ရှား နေရတာတွေ ညီမ တွေ့နေရတယ်။ ညီမလေ သူတို့ကို အရမ်း သနားပါတယ်။ သူတို့ လုပ်ချင်လို့ လုပ်နေကြတာ မဟုတ်ပါဘူး။ တခါတလေ ကျရင် ဘယ်လိုမှ လွန်ဆန်လို့မရတဲ့ ဘဝတွေ ရှိတတ်ကြတယ် အစ်ကိုရေ။ မလုပ်ချင်ပေမဲ့လည်း မဖြစ်ချင် ပေမဲ့လည်း ကိုယ့်မိဘအတွက် ကိုယ့်ညီအစ်ကို မောင်နှမတွေ အတွက် …………………..။

အစ်ကိုတို့ရေ တော်တော် များများက ပြောပါတယ် မြန်မာ နိုင်ငံမှာ ထမင်းငတ်လို့ သေတဲ့မသာ မရှိဘူးတဲ့။ ဟုတ်ပါတယ် ထောက်ခံပါတယ်။ ဒါပေမဲ့ ဆင်းရဲလို့ ဆေးကုဖို့ ပိုက်ဆံ ငါးသောင်းလောက် မရှိလို့ သေတဲ့ မသာတွေ ရှိပါတယ် အစ်ကိုတို့ရေ။ ပိုက်ဆံ ငါးသောင်းဆိုတော့ မလေးငွေ ၂၀၀ ပေါ့နော်။ အစ်ကိုတို့ရေ အစ်ကိုတို့ အင်တာနက်ပေါ်မှာ တင်ထားတဲ့ အခွေမှာ မိန်းကလေးကို အစ်ကိုတို့ ပြောဆို ဆုံးမနေတဲ့ စကားတွေ ညီမ ကြားခဲ့ရပါတယ်။ အဲ့ဒီ အထဲမှာ တစ်ခုက နင်တို့ ရုပ်ရည်လေးနဲ့ဆို မြန်မာ နိုင်ငံမှာ လင်ကောင်းကောင်း ရှာယူလို့ ရပါတယ်တဲ့။ ဟုတ်ပါတယ် အစ်ကိုရေ။ မိန်းကလေးတွေ အတွက်က ယောက်ျား ကောင်းကောင်း တစ်ယောက်ရှာယူ လိုက်ရင် သူ့အတွက် ပူစရာ မလိုပါဘူး။ ယောက်ျားက ရှာကျွေးမှာ ပေါ့နော့။ ဒါပေမဲ့ အဲ့ဒီ ယောက်ျားက သူ့မိန်းမကိုပဲ ရှာကျွေးမှာလေ။ သူ့မိန်းမ နောက်က မိဘတွေကိုတော့ ရှာကျွေးဖို့ သထာမယ် မထင်ပါဘူး အစ်ကိုတို့ရေ။ ဒါကညီမ ပြောပြချင်တဲ့ မလေးရှားက မိန်းကလေး တော်တော် များများရဲ့ ဘဝပေး အခြေအနေပါ။ အစ်ကို တို့ရေ သိတတ် နားလည်တဲ့ လူကြီး မပြောနဲ့ ငယ်ရွယ်စဉ် ကလေး ဘဝမှာတောင် မိဘတွေက သားလေးကြီး လာရင် လူကောင်း လုပ်မှာလား လူဆိုး လုပ်မှာလား ဆိုရင် လူကောင်း လုပ်မယ်လို့ ဖြေခဲ့ကြ လူကောင်း လုပ်ချင်ခဲ့ကြတာချည်းပါပဲ။ တခါတရံမှာ ရှင်းပြလို့ မရနိုင်တဲ့ အခြေအနေတွေကြောင့် လူတော်တော် များများဟာ လူဆိုးတွေ ဖြစ်ကြ ရတယ်။ အစ်ကို တို့ရေ အစ်ကို တို့ရော ဘဝမှာ မလုပ်ချင်ပေမဲ့ မတတ်သာလို့ မဖြစ်သာလို့ ကြိတ်မှိတ် လုပ်နေရတဲ့ အဖြစ်မျိုးတွေ မကြုံခဲ့ဖူးဘူးလားဟင်။ မကြုံခဲ့ဖူး ဆိုရင်တော့ အစ်ကို တို့ဟာ တော်တော် ကံကောင်းတဲ့ လူတွေပါပဲ။ ညီမတောင် အခု ဖြစ်နိုင်ရင် မလေးရှားမှာ အလုပ် မလုပ်ချင်ပါဘူး။ မြန်မာပြည် ပြန်ပြီး ကိုယ့်မိဘတွေနဲ့ပဲ ပျော်ပျော် ရွှင်ရွှင် လွတ်လွတ် လပ်လပ် နေချင်ပါတယ် အစ်ကိုတို့ရေ။ မလေးရှားမှာ အလုပ် လုပ်ရတာ အနည်းနဲ့ အများ အခက်အခဲတွေ ရှိနေတာ ဖိနှိပ်မှုတွေ ရှိနေတာကို အစ်ကိုတို့လဲ မလေးရှားမှာ နေနေတဲ့ လူတွေပဲ ဆိုတော့ သိမှာပါ အစ်ကိုရေ။ ဒါတောင် ညီမက တချို့သော မိန်းကလေး တွေလို မိသားစုမှာ တစ်ဦးတည်း ပိုက်ဆံရှာသူမဟုတ်ခဲ့ပါဘူး အစ်ကိုရေ။ မြန်မာ ပြည်ကနေ မလေးရှားကို လာဖို့ ပြင်ရတည်းက သတင်းတွေ ကလည်း ကြားနေတော့ ငါ ကံဆိုး လိုက်တာ မသွားချင် ပေမယ့်လည်း သွားရဦးမယ် ငါ တော်တော် ကံဆိုးတာပဲလို့ ထင်နေခဲ့ သမျှ ဒီက တချို့သော မြန်မာ မိန်းကလေး တွေရဲ့ ဘဝကို အသိမှာ ငါ တော်တော် ကံကောင်း သေးတာပဲလို့ ကိုယ့်ကိုယ်ကို အားပေး မိပါတယ်။ အခုချိန်ထိလည်း ညီမက ပိုက်ဆံကို ရိုးရိုး သားသား နည်းနဲ့ပဲ ကိုယ့်လုပ်အားနဲ့ ကိုယ် ရှာဖွေ နေနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အစ်ကိုတို့က ပျက်စီးနေပါတယ် ဆိုတဲ့ မြန်မာ မိန်းကလေးတွေရဲ့ဘဝကိုလည်း ညီမ စာနာနားလည်ပေး နိုင်ပါတယ်။ နင်တို့တွေကြောင့် ငါတို့တွေပါ ရောပြီး နာမည်ပျက်နေရတာလို့ လက်ညိုး မထိုးရက်ခဲ့ပါဘူး။ သူတို့နေရာမှာ ငါသာဆိုရင်ရောဆိုတဲ့ အတွေးနဲ့တင် ညီမအပြစ်တင်ဖို့ မဝံ့ရဲခဲ့ပါဘူး။ အစ်ကိုတို့ရေ အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို ညီမ လေးစားမိပါတယ်။ ဒါပေမဲ့ အစ်ကိုတို့ရေ လုပ်ရပ်တွေက မှားနေလားလို့။ အစ်ကိုတို့တင်ထားတဲ့ အခွေထဲက မိန်းကလေးတွေရော ဘယ်လိုဖြစ်သွားလဲဟင်။ သူတို့တွေရှက်ပြီး မြန်မာပြည် ပြန်ကုန်ကြပြီလား။ ဒါဆိုရင် တော်သေးတာပေါ့။ မဟုတ်ဘဲနဲ့ ပေါက်တဲ့ နဖူး မထူးပါဘူး အခု ဆိုရင် ငါတို့အကြောင်းတွေ အကုန်သိကုန်ပြီဆိုပြီး အဲ့ဒီ နီပေါတွေဆီ အပြီးလိုက်သွားတာမျိုး ဘဝကို ဖြစ်သလို ရေစုန်မျှော လိုက်တာမျိုး ဒါမှ မဟုတ် ရှက်ပြီး ကိုယ့်ကိုယ်ကို အဆုံး စီရင် သွားတာမျိုး ဆိုရင်တော့ ……………………..။

အစ်ကိုတို့ရေ မလုပ်ကြပါနဲ့။ သနားပါတယ်။ ဝဋ်ဆိုတာ လည်တက်တယ်လေ။ တစ်ချိန်မှာ အစ်ကိုတို့မှာ သမီးလေးများ ရလာခဲ့လို့ အဲ့လိုများ ဖြစ်သွားကြရင်…………… ။ အစ်ကိုတို့ရေ စိတ်မဆိုးဘူး ဆိုရင် မေးခွန်း တစ်ခုလောက် မေးချင်ပါတယ်။ အစ်ကိုတို့ ညီမ အရင်းလေးတွေ ဆိုရင်ရော အဲ့လို လုပ်မှာပဲလားဟင်။ အစ်ကိုတို့က ဖြေရင်ဖြေလိမ့်မယ်။ ညီမ အရင်း ဆိုရင်လည်း ရိုက်နှက် ဆုံးမသင့်ရင် ဆုံးမရမှာပဲ။ ဒါမှ မဟုတ် ငါ့ညီမသာဆို အစောထဲက ငါ ကိုယ်တိုင်သတ် ပစ်လိုက်ပြီ အစ ရှိသဖြင့်ပေါ့။ ညီမ သိချင်တာက အဲ့ဒါတွေ မဟုတ်ပါဘူး။ အစ်ကိုတို့ ညီမ အရင်းလေးတွေ ဆိုရင်ရော အဲ့လို ဖြစ်ခဲ့လို့ ရိုက်နှက် ဆုံးမမယ် ဆိုရင် အဲ့လိုပဲ တစိမ်း ယောက်ျားလေး အပေါင်းအသင်းတွေ ခေါ်ပြီးတော့ တစ်ယောက် တစ်ချက်စီ ချောင်ပိတ်ပြီး ဝိုင်းရိုက်ကြမှာလား။ ရိုက်ရက်ကြမှာလား။ ညီမလေး မနေ့က အစ်ကိုတို့ တင်ထားတာကို ကြည့်ပြီးတော့ မျက်ရည်တောင် ကျပါတယ်။ ငါ့ညီမလေးသာ ဆိုရင် ဆိုတဲ့ အတွေးနဲ့လေ။ အစ်ကိုတို့ရေ ဖတ်ခဲ့ဖူးတာလေး တစ်ခု ထပ်ပြောပြချင် ပါတယ်။ စာကလည်း ရှည်နေပြီဆိုတော့ အတိုချုံးလေးပဲ ပြောလိုက်တော့မယ်နော်။ တစ်ခါက ရွာတစ်ရွာမှာ ပြည့်တန်ဆာအလုပ်လုပ်တဲ့ မိန်းမတစ်ယောက်ကို ရွာသူ ရွာသားတွေက ခဲနဲ့ ဝိုင်းပေါက်ကြသတဲ့။ အဲ့ဒီ အချိန်မှာ ဂျီးဇက် ရောက်လာပြီး ဘာဖြစ်တာလဲလို့ မေးတော့ ဒီမိန်းမက ပြည့်တန်ဆာ အလုပ်လုပ်တဲ့ အတွက် ဝိုင်း အပြစ်ပေး နေကြတာပေါ့။ ဂျီးဇက်က မလုပ်ပါနဲ့လို့ တားပေမယ့် မရပါဘူး။ အပြစ် ရှိရင်တော့ အပြစ်ပေး ရမှာပဲလို့ ပြောပြီး ခဲနဲ့ ထပ်ပေါက်ကြသတဲ့။ အဲ့ဒါနဲ့ ဂျီးဇက်က စကား တစ်ခွန်း ထပ်ပြော လိုက်ပါတယ်။ အဲ့ဒီ စကား အဆုံးမှာတော့ အဲ့ဒီ အမျိုးသမီးဆီကို ခဲတစ်လုံးမှ မရောက်လာတော့ဘူးတဲ့။ ဂျီးဇက် ဘာပြောလိုက်လဲ ဆိုတော့ သင်တို့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြပါဦး။ သင်တို့ဟာ ဘဝမှာ အပြစ် ကင်းခဲ့တဲ့ လူတွေ အပြစ် မလုပ်ခဲ့ဖူးတဲ့ လူတွေ ဆိုတာ သေချာရင်တော့ ဒီမိန်းကလေးကို ခဲနဲ့ ဆက်ပေါက်ကြပါတဲ့။ အစ်ကို တို့ရေ အစ်ကို တို့လည်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ် ကြပါဦး။ စာကလည်း ရှည်သွားပြီ ဖြစ်တဲ့ အတွက် ဒီမှာပဲ အဆုံး သတ်လိုက် ပါတော့မယ်။ အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို မှန်ကန်တဲ့ လုပ်ရပ်နဲ့ အကောင်အထည် ဖေါ်နိုင်ပါစေလို့ ညီမက ဆန္ဒပြု လိုက်ပါတယ်။

ရေးသားသူ= မလေးငယ်
၃.၁.၂၀၁၂

ဖတ်ကြည့်ချင်သေးလား....

Monday, January 2, 2012

နှမသားချင်း မစာနာ ၊ လူမဆန်တဲ့ လုပ်ရပ် အရေးယူ ဖော်ထုတ်ပေးကြပါ

video

ဖတ်ကြည့်ချင်သေးလား....

နိုင်ငံတကာသတင်း

 
,
Creative Commons License This work is licensed under a Creative Commons Attribution-Noncommercial-No Derivative Works 3.0 United States License. Site Meter